Let's LearnArtificial Intelligence & IT With Símbolo
View CoursesA Myanmar(Burma) based AI and IT training school. We provide best quality courses. Learn more about us.
Learn Moreအရင်ဆုံး ဒီ Class ကို Overall 5 stars ပေးချင်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် စစတက်ချင်းက ကျွန်တော်က CS field ကမဟုတ်တာရယ် Coding Background ကောင်းကောင်းမရှိတာရယ်ကြောင့် Catch up မလုပ်နိုင်မှာ စိတ်ပူမိပါတယ်။ Course Structure မှာက Basic ကနေ သေချာ Background history တွေ၊ Lecture ရဲ့ Aim တွေ နဲ့ ပြည့်ပြည့်စုံစုံ သင်ပေးတာဖြစ်လို့ တော်တော် အဆင်ပြေခဲ့ပါတယ်။ Instructor ကိုဖြိုးသူထက် ကိုယ်တိုင်ကလည်း AI Enthusiasm တစ်ယောက်ဖြစ်တယ့်အတွက် အသေးစိတ်မေးသမျှ ပြောပေးနိုင်သလို Classroom ကလည်း အမြဲ Interaction ရှိနေတာကြောင့် တစ်ခြားClass တွေနဲ့ Teaching learning method တော်တော် ကွဲတာကို ခံစားမိပါတယ်။ Python Programming ကစပြီး NLP, Deep Learning အထိ သေချာ Guide လုပ်ပြီး Interaction ကောင်းကောင်းနဲ့ သင်ပေးလို့ Class ကနေ AI နဲ့ ပက်သက်ပြီး တစ်ခုခုရလိုက်တယ်လို့ခံစားရပါတယ်။ နောက်ဆုံး Final Project အတွက်လည်း ရင်ခုန်နေပါတယ်။
စာသင်ရတာအဆင်ပြေပါတယ် ပြီးတော့ဆရာကဒီဘာသာရပ်မှာကျွမ်းကျင်တာဖြစ်တဲ့အတွက် ရှင်းပြတာလည်းအရမ်းကောင်းပါတယ် စာသင်တဲ့ပုံစံကလည်း fun ဖြစ်ပြီးတော့ နားလည်ရလွယ်ကူပါတယ် 🙈Myanmar NLP နဲ့ပတ်သက်ပြီးခုမှစပြီးသိချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ် ဒီအတန်းကိုတက်လိုက်ရင် AI အကြောင်း တော်တော်လေး cover ဖြစ်သွားတဲ့အတွက် ခုမှစလေ့လာမယ့်သူတွေအတွက် တကယ်ကို recommend ပေးပါတယ်
သင်တန်းကအဆင်ပြေပါတယ်ဗျ။ဆရာနဲ့ ရင်းရင်းနှီးနှီး တိုင်ပင်ပြီး မသိတာရှိရင်မေးလို့လည်းရတယ်။ဆရာစားချန်တာမျိုးလည်းမရှိပဲ သင်လို့ရတဲ့အချိန်တွင်းမှာ ရသလောက်အကုန်ပြောပြပေးလို့ကျေးဇူးတင်ပါတယ်။အခုဆို AIဆိုတာ ဘယ်လိုမျိုးလည်းလဲ အကြမ်းဖျင်းနားလည်သွားပါတယ်။Group Discussion လုပ်ခိုင်းတာ ကျွန်တော့်လို စကားနည်းတဲ့သူတွေအတွက် ပိုပြီး ပြောတတ်ဆိုတတ်လာစေတယ်။သင်တန်းမှာ joinဖြစ်လိုက်လို့ အကျိူးကျေးဇူးအများကြီးရခဲ့ပါတယ်။
Make sure you don't miss our knowledge sharing events about AI & IT. And if you want to connect with us:
Get In Touch